Myanmar Insurance New

 

Myanmar Insurance News – Issue 6 ထြက္ၿပီ
အယ္ဒီတာ့စကား - ကပ္ေဘးေရႊ႕တဲ့ အေရြ႕
လက္ရွိအေျခအေနမွာ အနာဂတ္ကို ႀကိဳတင္ေဟာကိန္းထုတ္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာေတာ့ လုံးဝေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္တစ္ခုလုံးဟာ အလြန္ကို လ်င္လ်င္ျမန္ျမန္နဲ႔ ေျပာင္းလဲေနပါတယ္။ ေစ်းကြက္ယဥ္ေက်းမႈ ပုံစံအခ်ဳိ႕လုံးဝ ေပ်ာက္ဆုံး၊ အခ်ဳိ႕ပုံစံေတြ ေျပာင္းလဲသြားပါတယ္။ ပုံစံသစ္ေတြ လုပ္ထုံးလုပ္နည္းအသစ္ေတြ ေပၚထြက္လာပါတယ္။ ဒါေပမဲ့ ယေန႔အထိေတာ့ ဘယ္အရာကမွ မေသခ်ာေသးပါဘူး။ ဒီလိုမေသခ်ာတဲ့ အေျခအေနမွာ ကၽြန္ေတာ္တို႔ဟာေသခ်ာေပါက္ လက္ရွိအေျခအေနေတြကို အာ႐ုံစိုက္ဖို႔ လိုလာေနပါတယ္။
မ်က္ႏွာဖုံးေဆာင္းပါး - အာမခံလုပ္ငန္းနယ္ပယ္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေျပာင္းလဲမႈ - ၂၀၂၀
- ၂၀၁၉ ႏွစ္ကုန္ပိုင္းက စတင္ၿပီး ႏိုင္ငံျခား ရာႏႈန္းျပည့္ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ဖက္စပ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို အာမခံ လုပ္ငန္း နယ္ပယ္မွ စတင္ခြင့္ျပဳခဲ့ပါတယ္။ ဒါဟာ ဖြံ႕ၿဖိဳးေျပာင္းလဲမႈေတြရဲ႕ အစျဖစ္ေပမယ့္လည္း ၂၀၂၀ ခုႏွစ္အတြင္းမွာ အေျပာင္းအလဲကို သက္ေရာက္ေစတဲ့ ၫႊန္ၾကားခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ႏွစ္ဆန္းကေန ယေန႔အထိ အာမခံလုပ္ငန္းက႑ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို တြန္းအားေပးေစမယ့္ ၫႊန္ၾကားခ်က္ေပါင္း ၉ ခုအထိ ထြက္ေပၚခဲ့ပါတယ္။
သိေကာင္းစရာ - ကန္ထ႐ိုက္တာ အလုံးစုံ အာမခံဆိုတာ
ကန္ထ႐ိုက္တာ အလုံးစုံ အာမခံ ကန္ထ႐ိုက္တာ လုပ္ငန္းခြင္ အလုံးစုံ အာမခံဆိုတာ ႐ုံးအေဆာက္အဦး၊ စက္႐ုံ၊ ေစ်းဝယ္စင္တာႏွင့္ လူေနအိမ္ခန္းမ်ားေတြ ေဆာက္လုပ္ေနတာပဲ ျဖစ္ျဖစ္၊ ေမာ္ေတာ္ ကားလမ္း၊ မီးရထားလမ္း၊ တံတားမ်ား၊ ဥမင္လိုဏ္ေခါင္းမ်ား၊ ဆည္ကာတာမ်ား၊ ေရပိုလႊဲမ်ား၊ ေလဆိပ္ႏွင့္ ေျမေအာက္ ေစ်းဝယ္စင္တာမ်ား ေဆာက္လုပ္ဆဲ ကာလအတြင္းေသာ္လည္းေကာင္း အကာအကြယ္ေပးႏိုင္ေသာ အာမခံအမ်ိဳးအစားျဖစ္ပါတယ္။
- စီးပြားေရးအတြက္ အေရးႀကီးတဲ့ စက္မႈလုပ္ငန္းအလုံးစုံ အႏၲရာယ္အာမခံ
စက္မႈလုပ္ငန္းအလုံးစုံ အႏၲရာယ္အာမခံဟာ ေလာေလာလတ္လတ္ စတင္လာတဲ့ လုပ္ငန္းသုံး အာမခံ အမ်ဳိးအစား တစ္မ်ဳိးလည္း ျဖစ္ပါတယ္။ စက္မႈလုပ္ငန္းအလုံးစုံအာမခံအမ်ဳိးအစားက ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက သီလဝါစက္မႈဇုန္ တစ္ခုတည္းမွာပဲ ဝန္ေဆာင္ခြင့္ျပဳထားၿပီး ဂ်ပန္အာမခံကုမၸဏီ သုံးခုပဲ လုပ္ကုိင္ခြင့္ရထားတာ ျဖစ္ပါတယ္။
စက္မႈလုပ္ငန္းအလုံးစုံ အႏၱရာယ္အာမခံကုိ ၂၀၂၀ ေမလ ၁၂ ရက္ေန႔က ညႊန္ၾကားခ်က္အမွတ္ ၆/၂၀၂၀ နဲ႔ စတင္ခြင့္ျပဳေပးခဲ့တာျဖစ္ၿပီး ေအာက္တိုဘာလ ၁ ရက္ေန႔က စတင္ဝန္ေဆာင္မႈေပးႏိုင္တယ္လို႔ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
- တစ္ပူေပၚ ႏွစ္ပူမဆင့္ရေအာင္ မီးအာမခံေဆာင္
လူခိုးလ်င္ အစုတ္က်န္၊ မီးခိုးေတာ့ အျပဳတ္ႏွံဆိုသလို မီးေဘးၾကဳံရလ်င္ ေနစရာ၊ ထိုင္စရာမွ စ၍ အစြန္းအစ တစ္ခုမွမက်န္ဘဲ ကုန္းေကာက္စရာ မရွိသည့္ အျဖစ္မ်ဳိးကို ၾကဳံတတ္ရေလ့ရွိသည္။ ထို႔ေၾကာင့္ မီးေဘးေၾကာင့္ ရတက္မေပြရေအာင္ မေရႊ႕ေျပာင္းႏိုင္ေသာ၊ ေရႊ႕ေျပာင္းႏိုင္ေသာ ပိုင္ဆိုင္ပစၥည္းမ်ားကို မီးအာမခံထားသင့္ေပသည္။
- Latest Developments in Myanmar’s Insurance Market (Part – 1) - Dr Maung Maung Thein
2020 – Significant year for the insurance market
This year is a significant year for the Myanmar insurance market. Despite the threat of the COVID– 19 pandemic, IBRB issued six directives, namely Directives No. 1 to 6 to regulate the insurance sector in Myanmar. Directives No.1 to 3 were issued on 4 March 2020 and came into force at the time of its issuance. Whereas Directives No. 4 to 6 will come into force on 1 October 2020.
Download Link >>>>>> shorturl.at/aHZ27
Unicode ....
Myanmar Insurance News – Issue 6 ထွက်ပြီ
အယ်ဒီတာ့စကား - ကပ်ဘေးရွှေ့တဲ့ အရွေ့
လက်ရှိအခြေအနေမှာ အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာတော့ လုံးဝသေချာပါတယ်။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အလွန်ကို လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲနေပါတယ်။ ဈေးကွက်ယဉ်ကျေးမှု ပုံစံအချို့လုံးဝ ပျောက်ဆုံး၊ အချို့ပုံစံတွေ ပြောင်းလဲသွားပါတယ်။ ပုံစံသစ်တွေ လုပ်ထုံးလုပ်နည်းအသစ်တွေ ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ ယနေ့အထိတော့ ဘယ်အရာကမှ မသေချာသေးပါဘူး။ ဒီလိုမသေချာတဲ့ အခြေအနေမှာ ကျွန်တော်တို့ဟာသေချာပေါက် လက်ရှိအခြေအနေတွေကို အာရုံစိုက်ဖို့ လိုလာနေပါတယ်။
မျက်နှာဖုံးဆောင်းပါး - အာမခံလုပ်ငန်းနယ်ပယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှု - ၂၀၂၀
- ၂၀၁၉ နှစ်ကုန်ပိုင်းက စတင်ပြီး နိုင်ငံခြား ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံ လုပ်ငန်း နယ်ပယ်မှ စတင်ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြောင်းလဲမှုတွေရဲ့ အစဖြစ်ပေမယ့်လည်း ၂၀၂၀ ခုနှစ်အတွင်းမှာ အပြောင်းအလဲကို သက်ရောက်စေတဲ့ ညွှန်ကြားချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်နှစ်ဆန်းကနေ ယနေ့အထိ အာမခံလုပ်ငန်းကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးစေမယ့် ညွှန်ကြားချက်ပေါင်း ၉ ခုအထိ ထွက်ပေါ်ခဲ့ပါတယ်။
သိကောင်းစရာ - ကန်ထရိုက်တာ အလုံးစုံ အာမခံဆိုတာ
ကန်ထရိုက်တာ အလုံးစုံ အာမခံ ကန်ထရိုက်တာ လုပ်ငန်းခွင် အလုံးစုံ အာမခံဆိုတာ ရုံးအဆောက်အဦး၊ စက်ရုံ၊ ဈေးဝယ်စင်တာနှင့် လူနေအိမ်ခန်းများတွေ ဆောက်လုပ်နေတာပဲ ဖြစ်ဖြစ်၊ မော်တော် ကားလမ်း၊ မီးရထားလမ်း၊ တံတားများ၊ ဥမင်လိုဏ်ခေါင်းများ၊ ဆည်ကာတာများ၊ ရေပိုလွှဲများ၊ လေဆိပ်နှင့် မြေအောက် ဈေးဝယ်စင်တာများ ဆောက်လုပ်ဆဲ ကာလအတွင်းသော်လည်းကောင်း အကာအကွယ်ပေးနိုင်သော အာမခံအမျိုးအစားဖြစ်ပါတယ်။
- စီးပွားရေးအတွက် အရေးကြီးတဲ့ စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ
စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံဟာ လောလောလတ်လတ် စတင်လာတဲ့ လုပ်ငန်းသုံး အာမခံ အမျိုးအစား တစ်မျိုးလည်း ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းအလုံးစုံအာမခံအမျိုးအစားက ပြီးခဲ့တဲ့နှစ်တွေတုန်းက သီလဝါစက်မှုဇုန် တစ်ခုတည်းမှာပဲ ဝန်ဆောင်ခွင့်ပြုထားပြီး ဂျပန်အာမခံကုမ္ပဏီ သုံးခုပဲ လုပ်ကိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။
စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံကို ၂၀၂၀ မေလ ၁၂ ရက်နေ့က ညွှန်ကြားချက်အမှတ် ၆/၂၀၂၀ နဲ့ စတင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့က စတင်ဝန်ဆောင်မှုပေးနိုင်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
- တစ်ပူပေါ် နှစ်ပူမဆင့်ရအောင် မီးအာမခံဆောင်
လူခိုးလျင် အစုတ်ကျန်၊ မီးခိုးတော့ အပြုတ်နှံဆိုသလို မီးဘေးကြုံရလျင် နေစရာ၊ ထိုင်စရာမှ စ၍ အစွန်းအစ တစ်ခုမှမကျန်ဘဲ ကုန်းကောက်စရာ မရှိသည့် အဖြစ်မျိုးကို ကြုံတတ်ရလေ့ရှိသည်။ ထို့ကြောင့် မီးဘေးကြောင့် ရတက်မပွေရအောင် မရွှေ့ပြောင်းနိုင်သော၊ ရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများကို မီးအာမခံထားသင့်ပေသည်။
- Latest Developments in Myanmar’s Insurance Market (Part – 1) - Dr Maung Maung Thein
2020 – Significant year for the insurance market
This year is a significant year for the Myanmar insurance market. Despite the threat of the COVID– 19 pandemic, IBRB issued six directives, namely Directives No. 1 to 6 to regulate the insurance sector in Myanmar. Directives No.1 to 3 were issued on 4 March 2020 and came into force at the time of its issuance. Whereas Directives No. 4 to 6 will come into force on 1 October 2020.
Download Link >>>>>> shorturl.at/aHZ27


Comments